Breaking News >> News >> Democratic Voice of Burma


ယင်းမာပင်မြို့နယ်၊ လည်ငေါက်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့


Link [2022-05-28 20:06:08]



စစ်ကိုင်းတိုင်း၊၊ ယင်းမာပင်မြို့နယ်၊ လည်ငေါက်ကျေးရွာထဲက ပြည်သူလူထုတွေရဲ့ နေအိမ်တွေကို မေ ၂၈ ရက် မနက်ပိုင်းက စပြီး စစ်ကောင်စီတပ်ဖွဲ့တွေ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မေ ၂၇ ရက်သန်းခေါင်ကျော်  (မေ ၂၈ ရက် မနက်ပိုင်း အစောပိုင်း ၁ နာရီဝန်းကျင်)လောက်က စတင်မီးရှို့ခဲ့ကြပြီး လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေ ကြားရကြောင်း၊ မေ ၂၈ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်လောက်မှာလည်း ဒုတိယအကြိမ် ထပ်မံမီးရှို့ခဲ့ကြကာ မီးလောင်နေတဲ့မြင်ကွင်းကို အဝေးကနေ မြင်တွေ့ခဲ့ကြရတယ်လို့ ဒေသခံက  ဆိုပါတယ်။ မီးရှို့မှုကြောင့် လည်ငေါက်ကျေးရွာရဲ့ ဆုံးရှုံးမှုအခြေအနေကိုတော့ချက်ချင်း မသိရသေး သလို စစ်ကောင်စီတပ်ဖွဲ့တွေ ရွာအတွင်းမှာပဲ ရှိနေသေးတာကြောင့် ဒေသခံပြည်သူတွေ မကပ်ရဲ သေးပဲ ရှိနေကြောင်းနဲ့ […]

Most Read

2024-09-20 01:10:43