Breaking News >> News >> Democratic Voice of Burma


အင်းတော်မြို့နယ်၌ ပြည်သူ ၁ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်


Link [2022-05-28 15:00:03]



စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ကျောင်းကုန်းရွာမှာ မေ ၂၆ ရက် နေ့လယ်ပိုင်းက ဆိုင်ကယ်စီး လာတဲ့ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသား တယောက်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီး သတ်ဖြတ်လိုက်တယ်လို့ အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ Indaw Revolution-IR အဖွဲ့ထံက သိရပါတယ်။ IR အဖွဲ့ဝင် တဦးက “ကျောင်းကုန်းရွာထဲမှာ ရှိတဲ့ စစ်(–)တွေက မသင်္ကာလို့ဆိုပြီး ဖမ်းဆီးနှိပ်စက် သတ်လိုက်တာ။”လို့ပြောပါတယ်။ အသတ်ခံရတဲ့သူက မော်လူးမြို့မှာနေတဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသားတယောက်ဖြစ်ပြီး သူ့ရဲ့အလောင်းကို အင်းတော်မြို့ ရင်ခွဲရုံမှာ ပို့ထားကာ သူနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေတော့ စုံစမ်းမေးမြန်းလို့ မရသေးပါဘူး။ စစ်ကောင်စီတပ်သားတွေဟာ ဒေသတွင်းမှာ အရပ်ဝတ်နဲ့ သွားလာလှုပ်ရှားနေတဲ့အတွက်  သတိထား သွားလာကြဖို့ အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ […]

Most Read

2024-09-20 01:09:30