Breaking News >> News >> Democratic Voice of Burma


ချီလီတွင် ဆန္ဒပြကျောင်းသားများနှင့် ရဲများ ထိပ်တိုက်တွေ့


Link [2022-05-28 15:00:03]



ချီလီနိုင်ငံ ဆန်တီယာဂိုမြို့ရဲ့လမ်းမတွေပေါ်မှာ မေ ၂၇ ရက်က ကျောင်းသားတွေနဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေ ထိပ်တိုက်တွေ့ပြီး ပညာရေးအတွက် အရင်းအမြစ်တွေ ပိုမိုတောင်းဆိုဖို့ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေကို လူစုခွဲဖို့ မီးသတ်ပိုက်ကို အသုံးပြုခဲ့ပြီး ဆန္ဒပြလူအုပ်တစုဟာ ရဲကားတစီးကို တုတ်တွေနဲ့ တိုက်ခိုက်နေတာနဲ့ နောက်လူအုပ်ကလည်း ရဲအရာရှိတွေ ရှိတဲ့ဘက်ကို ဓာတ်ဆီပုလင်းဗုံး  (Molotov Cocktail)ကို ပစ်လိုက်တာတွေကို မြင်တွေ့ရပါတယ်။  ဆန္ဒပြပွဲအနီးမှာ ဘတ်စ်ကားတစ်စီးကိုလည်း မီးရှို့ခံထားရပြီး မော်တော်ယာဉ်ကို မီးရှို့ ဖျက်ဆီးတဲ့ တရားခံကို အာဏာပိုင်တွေ ရှာမတွေ့သေးပါဘူး။  ဒါဟာ မြို့တော်မှာ လက်ဝဲသမ္မတ ဂါဘရီရယ်ဘိုးရစ်အစိုးရကို ဆန္ဒပြတဲ့ ဒုတိယအကြိမ် ကျောင်းသားဆန္ဒပြပွဲ ဖြစ်ပါတယ်။ 

Most Read

2024-09-20 01:09:39