Breaking News >> News >> Democratic Voice of Burma


လရောင်အောက်က ခွေးအများ


Link [2022-05-28 15:00:03]



(က) စစ်တောင်းမြစ်ရဲ့ မျက်စောင်းထိုး တဖက်ကမ်းထိပ် ကျိန်တောမြောင် သုသာန်ကုန်းပေါ်တွင် လရောင်များ ဖွဲဖွဲဆုပ်ဆုပ် ကျနေလေသည်။ စစ်တောင်းမြစ်အတွင်း ခုန်ဆင်းချလာသည့် လမင်းသည် လအစင်းငယ်ပေါင်း ထောင်သောင်းချီပြီး ပွားထုတ်လိုက်၏။ လရောင်တချို့မှာ သောင်ပြင်ပေါ်တွင် လူးလှိမ့်နေ၏။ ဝါးတရိုက်ခန့် မရှိတရှိ ကမ်ပါးယံအောက်တွင်မူ အမှောင်ရိပ် သန်းနေလေသည်။ ယခုလို လရောင်အချမ်းသာဆုံး ညမျိုးဆိုလျှင် မည်သည့်အခါမှ ကျနော် အိပ်မပျော်နိုင်ပါ။ သောင်ပုရွာထိပ်တွင် ရှိသည့် တဲတလုံးထဲတွင် အိမ်သားအားလုံး အိပ်ပျော်နေကြပြီ ဖြစ်သည်။ အိပ်ရာထဲမှ ကျနော် ထလာခဲ့သည်။ တဲပေါ်က အသာအယာ ဆင်းလိုက်သည်။ စစ်တောင်းမြစ် ကမ်းနဖူးဘေးက လူသွားလမ်းလေးပေါ် ရောက်လာခဲ့သည်။ စစ်တောင်းမြစ်ကို ကျော်ကာ ကျိန်တောမြောင်သုသာန်ကုန်းဆီ လှမ်းကြည့်သည်။ လရောင်များမှာ သုသာန်ကုန်းပေါ်တွင် ငွေစ ရွှေစများကို ဖွဲဖွဲလွင့်လွင့် ကြဲချလျက်ရှိကြ၏၊ […]

Most Read

2024-09-20 01:12:08