Breaking News >> News >> Democratic Voice of Burma


ကျောက်ဖြူမြို့က အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ အေအေနှင့် ဆက်နွှယ်မှုဖြင့်ဖမ်းဆီး အမှုဖွင့်ခံရ


Link [2022-05-28 11:57:42]



ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်က အမျိုးသားတယောက်နဲ့  အမျိုးသမီး တယောက်တို့ကို ရက္ခိုင့်တပ်တော် (အေအေ)နဲ့ ဆက်စပ်တယ်ဆိုပြီး  စစ်ကောင်စီတပ်က  မေ ၂၆ ရက် ညနေ ၄ နာရီလောက်က သံသယနဲ့ ဖမ်းဆီးသွားပြီးနောက် ကျောက်ဖြူမြို့မရဲစခန်းမှာ ပုဒ်မ-၅၀၅(က)နဲ့ အမှုဖွင့်လိုက်တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။ ဖမ်းဆီးခံသူ နှစ်ယောက်က တရပ်ကွက်တည်းမှာနေထိုင်တဲ့  ဦးသန်းလှိုင်နဲ့ ဒေါ်ခင်အုန်းနွဲ့တို့ဖြစ်ပြီး ရက္ခိုင့်တပ်တော် (အေအေ) အတွက် ငွေကြေးကောက်ခံနေတယ်ဆိုတဲ့ သံသယနဲ့  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူတို့နေတဲ့ ရပ်ကွက်ကို လာရောက်ကာ ဖမ်းဆီးခဲ့တာလို့ ရပ်ကွက်နေသူ တယောက်က ပြောပါတယ်။ “စစ်တပ်က အရပ်ဝတ်နဲ့လာပြီးတော့ သူတို့ နှစ်ယောက်ကို အေအေအတွက် ပိုက်ဆံကောက်လို့ ဆိုပြီးဖမ်းသွားတာပါ။ သူတို့ကိုဖမ်းတဲ့အချိန်မှာ ကျန်တဲ့ဌာနတွေတော့ ပါတာမတွေ့ရဘူး။ သူတို့ကိုဖမ်းပြီး ၂ နာရီလောက် စစ်ဆေးပြီးတော့ […]

Most Read

2024-09-20 01:08:50