Breaking News >> News >> Democratic Voice of Burma


လျှပ်စစ်ရထားပြေးဆွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက် အာဏာသိမ်းစစ်ခေါင်းဆောင်ထပ်မံတိုက်တွန်း


Link [2022-05-28 11:57:42]



နိုင်ငံတကာမှာ မီးရထားတွေကို လျှပ်စစ်ဓာတ်အားအသုံးပြု ပြေးဆွဲနေကြတာဖြစ်လို့ မြန်မာနိုင်ငံမှာလည်း လျှပ်စစ်ရထားတွေ ပြေးဆွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထပ်မံတိုက်တွန်းပြောကြားလိုက်ပါတယ်။ မေလ ၂၇ ရက် မနက်က ရန်ကုန်၊ အင်းစိန်မြို့နယ်ရှိ မြန်မာ့မီးရထား၊ စက်ခေါင်းစက်ရုံ(အင်းစိန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာမှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာလို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။ “တနိုင်ငံလုံးလျှပ်စစ်စက်ခေါင်းတွေနဲ့ ပြေးဆွဲနိုင်ရေး အဓိကထားရည်မှန်းဆောင်ရွက်ရမှာ ဖြစ်လို့ မီးရထားစက်ခေါင်းစက်ရုံ (အင်းစိန်)အနေနဲ့ လျှပ်စစ်စက်ခေါင်းငယ်တွေကစလို့ သုတေသနပြုထုတ်လုပ်ပြီး အဲဒီကတဆင့် အဆင့်မြှင့်တင်တာနဲ့  လျှပ်စစ်စက်ခေါင်းကြီးတွေ ထုတ်လုပ်တဲ့လုပ်ငန်းကို  အဆင့်ဆင့်ကြိုးပမ်းဆောင်ရွက်သွားကြဖို့လိုတယ်”လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ လျှပ်စစ်ရထားတွေပြေးဆွဲနိုင်ရေးလိုအပ်တဲ့ လျှပ်စစ် ဓာတ်အားသုံးစက်ခေါင်းတွေ ထုတ်လုပ်နိုင်ရေး နိုင်ငံတကာက နည်းပညာတွေကိုလေ့လာပြီး ပြည်တွင်းမှာ ထုတ်လုပ်နိုင်တဲ့ ပစ္စည်းတွေနဲ့ ပြည်ပမှဝယ်ယူရမယ့် ပစ္စည်းတွေကိုပေါင်းစပ်ပြီး ပထမခြေလှမ်းအနေနဲ့ ဒီဇယ်လျှပ်စစ်သုံး(DEMU) […]

Most Read

2024-09-20 01:10:27