Breaking News >> News >> Democratic Voice of Burma


အာရှဆင်များ ကာကွယ်ရေး ပိုမိုမြှင့်တင် လုပ်ဆောင်မည်


Link [2022-05-28 11:57:42]



အမျိုးသားသစ်တောနှင့် မြက်ခင်းပြင်အုပ်ချုပ်ရေးအဖွဲ့ဟာ အာရှဆင်များ ကာကွယ်ရေးကို ပိုမိုမြှင့်တင်ဖို့ ယူနန်ပြည်နယ် အာဏာပိုင်များနဲ့ အနီးကပ် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။  အာရှဆင်တွေဟာ တရုတ်နိုင်ငံမှာ ပထမတန်းစား နိုင်ငံတော်ကာကွယ်ရေးအောက်မှာ ရှိနေတာပါ။ လက်ရှိ ယူနန်ပြည်နယ် အာရှတောရိုင်း ဆင်ကောင်ရေ ၃၀၀ ကျော်ရှိပြီး အကောင်ရေမှာ ဆက်တိုးပွားနေပါတယ်။  အာရှဆင်တွေ ကာကွယ်ရေးနဲ့ သူတို့ကျက်စားရာနေရာတွေကို ပြန်လည်ထူထောင်ရေးမှာ အားကောင်းလာစေဖို့ ကြိုးပမ်းဆောင်ရွက်နေပြီး တောရိုင်းတိရစ္ဆာန်တွေနဲ့ဆက်နွှယ်တဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် ရွာသားတွေကို လျော်ကြေးပေးပြီးတော့ သတိပေးစနစ်တစ်ခု ထူထောင်လိုက်ခြင်းအားဖြင့် လူနဲ့ဆင် ပဋိပက္ခကို ပြေလျော့စေမယ်လို့ ယူနန်ပြည်နယ်မြို့တော် ကူမင်းမြို့ရှိ အာရှဆင်များ သုတေသနစင်တာမှ ဒါရိုက်တာ ချန်းဖေးက ပြောပါတယ်။  ယူနန်ပြည်နယ်အစိုးရနဲ့ အုပ်ချုပ်ရေးအဖွဲ့ကလည်း အာရှဆင်များ ကာကွယ်ရေးအတွက် အမျိုးသားဥယျာဉ်တွေနဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေများ ထူထောင်ခြင်းတွေကို လုပ်ဆောင်နေတယ်လို့ ချန်းက ဆိုပါတယ်။  […]

Most Read

2024-09-20 01:09:47