Breaking News >> News >> Democratic Voice of Burma


အမေရိကန်တွင် လူမျိုးရေးခွဲခြားမှုများ ဆက်ရှိနေ


Link [2022-05-28 11:57:42]



လူမည်းအမျိုးသား ဂျော့ဖှလွိုဒ်ကို ရဲအရာရှိတယောက်က ရက်ရက်စက်စက် သတ်ဖြတ်ပြီးနောက် ၂ နှစ်အကြာမှာ ဖက်ဒရယ်ရဲတပ်ဖွဲ့ရဲ့ပြုပြင်ပြောင်းလဲမှုမှာ ရပ်တန့်နေပြီး အမေရိကန် ပြည်ထောင်စုမှာ လူမျိုးရေးခွဲခြားဆက်ဆံမှု ပြဿနာကလည်း ထင်ရှားနေဆဲဖြစ်ပါတယ်။  မင်နီယာပိုလိစ်မြို့လယ်မှ မိုင်အနည်းငယ်အကွာက ဖလွိုက်ဒ် သေဆုံးသွားရတဲ့ လမ်းဆုံနေရာဟာ အာဖရိကန် – အမေရိကန်အမျိုးသားအတွက် အမြဲတစိမ့်စိမ့် အမှတ်ရနေရမယ့် အောက်မေ့ဖွယ် နေရာလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က လူဖြူ မင်နီယာပိုလိစ် ရဲအရာရှိ ဒဲရက်ခ်-ရှိုဗင်န် ဟာ ဖလွိုက်ရဲ့လည်ပင်းကို ကိုးမိနစ်ကျော်ကြာ ဒူးထောက်ခဲ့တာကို လမ်းသွားလမ်းလာတယောက်က ဆဲလ်ဖုန်းထဲမှာ မှတ်တမ်း တင်ထားလိုက်တဲ့ ဗွီဒီယိုဖိုင်ဟာ ပျံ့နှံ့သွားခဲ့ပြီးနောက် တကမ္ဘာလုံးက ဒေါသထွက်ခဲ့ပြီး ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါရဲ့ အကျိုးဆက်တွေလည်း ဆက်ပြီး ထွက်နေပါတယ်။  သူဟာ ဖလွိုက်ဒ်ရဲ့ နိုင်ငံသားအခွင့်အရေးတွေကို […]

Most Read

2024-09-20 01:11:00