Breaking News >> News >> Democratic Voice of Burma


မော်စကို-ရန်ကုန် ကုန်စည်သယ်ယူပို့ဆောင်ရေးလေကြောင်းခရီးစဉ် ပြေးဆွဲရန် စီစဉ်နေ


Link [2022-05-27 15:19:53]



ရုရှား-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုအတွက် မော်စကိုမြို့နဲ့ ရန်ကုန်မြို့ အကြား ကုန်စည်သယ်ယူပို့ဆောင်ရေးလေကြောင်းခရီးစဉ်ကို  Myanmar Airways International(MAI) လေကြောင်းလိုင်းကနေ ပြေးဆွဲသွားဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီပြန်ကြားရေးသတင်းအရ သိရပါတယ်။ နှစ်နိုင်ငံအကြား လေကြောင်းပျံသန်းရေးအစီအစဉ်နဲ့ပတ်သက်ပြီး ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနဲ့ ဖက်ဒရယ်လေကြောင်းလိုင်း သယ်ယူပို့ဆောင်ရေးအေဂျင်စီ အကြီးအကဲ အလက်ဇန္ဒားနာရဒ်ကိုတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အဆိုပါရလဒ်ထွက်ပေါ်လာတာဖြစ်ပါတယ်။ ရုရှားနိုင်ငံနဲ့ လေကြောင်းပြေးဆွဲနိုင်ဖို့ မြန်မာသံအမတ်ကြီးနဲ့ ရုရှားဖယ်ဒရေးရှင်းအဖွဲ့ စကားပြောဆိုနေတာတွေပြီး ပြေးဆွဲမယ့်အချိန် အတိအကျတော့ မသိသေးပေမဲ့ အတတ်နိုင်ဆုံး အမြန်ဆုံးဖြစ်အောင် ကြိုးစားနေတယ်လို့ဆိုပါတယ်။ ကနဦးအနေနဲ့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လေကြောင်းလိုင်းပြေးဆွဲမယ်ဆိုရင် နိုင်ငံတော်ရဲ့ ထွက်ကုန်ပစ္စည်းမျိုးစုံအတွက် စျေးကွက် တခု ရရှိသွားမယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက ဆိုပါတယ်။ ဒါပေမဲ့ ရုရှား-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုဆက်ဆံရေးက အလှမ်းဝေးတာကြောင့် မြန်မာပို့ကုန်တွေအဖို့ အခက်အခဲ […]

Most Read

2024-09-20 01:11:40