Breaking News >> News >> Democratic Voice of Burma


ပင်လယ်ထဲ ဒုက္ခရောက်နေသည့် ဟေတီရွှေ့ပြောင်းနေထိုင် ၈၀၀ ကျော်ကို ကျူးဘားကူညီ


Link [2022-05-27 15:19:53]



ဟေတီ ရွှေ့ပြောင်းနေထိုင်သူ ၈၄၂ ဦးကို တင်ဆောင်လာတဲ့ ရေယာဉ်တစင်းဟာ အမေရိကန်ဘက်ကနေ လမ်းကြောင်းလွဲပြီး ကျူးဘားနိုင်ငံ မြောက်ဘက် ကမ်းရိုးတန်းကို မျောပါသွားတာကြောင့် ကျွန်းအာဏာပိုင်တွေက လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ဖို့ အလျင်အမြန် စီစဉ်ခဲ့ရတယ်လို့ ကျူးဘားနိုင်ငံပိုင်မီဒီယာက မေ ၂၅ ရက်မှာ ထုတ်လွှင့်ပါတယ်။ နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန တယ်လီ-ကျူးဘန်နာကန်မှာ ပြသရာမှာ လှိုင်းလေတွေ ထန်နေတဲ့ ပင်လယ်ပြင်ထဲမှာ ယိမ်းခါနေတဲ့ မီးခိုးရောင်သင်္ဘောကြီးတစင်းရဲ့ပုံကို တွေ့မြင်ရပါတယ်။ ဟေတီနိုင်ငံသားတွေဟာ သင်္ဘောရဲ့ ကုန်းပတ်ဘေးတလျှောက်မှာ ပြည့်ကျပ်နေအောင် လိုက်ပါလာကြပြီး သင်္ဘောဦးစွန်းကနေ ပဲ့ပိုင်းအထိသာမက သင်္ဘောခေါင်မိုးတွေပေါ်မှာတောင် စီးနင်းကြတာကို ပြသထားပါတယ်။ မေ ၂၄ ရက် အစောပိုင်းက အဲဒီလှေကို ကျူးဘားက နာမည်ကျော် ကာယို ဆန်တာ မာရီယာ အပန်းဖြေကျွန်းအနီးမှာ တွေ့ရှိခဲ့တာဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။ […]

Most Read

2024-09-20 01:09:09