Breaking News >> News >> Democratic Voice of Burma


အခွန်လိမ်လည်မှုဖြင့် တရားရင်ဆိုင်နေရသည့် ရှာကီရာ၏ အယူခံ စပိန်တရားရုံး ပယ်ချ


Link [2022-05-27 15:19:53]



အခွန်လိမ်လည်မှုနဲ့ တရားရင်ဆိုင်နေရတဲ့ ကိုလံဘီယာအဆိုတော် ရှာကီရာရဲ့ အယူခံဝင်မှုကို စပိန်တရားရုံးက ပယ်ချလိုက်ပြီး စွပ်စွဲချက်နဲ့ပတ်သက်လို့ တရားရင်ဆိုင်ဖို့ လုံလောက်တဲ့ သက်သေအထောက်အထားတွေ ပေးပို့ဖို့ ကနဦးဆုံးဖြတ်ချက်ကို မေ ၂၆ ရက်က အတည်ပြုလိုက်လိုက်ပါတယ်။ အဆိုတော် ရှာကီရာဟာ ၂၀၁၂ ကနေ ၂၀၁၄ ခုနှစ်အတွင်း ရရှိတဲ့ ဝင်ငွေအပေါ် အခွန် ယူရို ၁၄သန်းခွဲအထိပေးဆောင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ အစိုးရရှေ့နေတွေက အခိုင်အမာ ပြောဆိုထားပါတယ်။ ရှာကီရာဟာ စပိန်ကို ၂၀၁၅ ခုနှစ်ကျမှ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အဲဒီအချိန်ကတည်းက သူ့ရဲ့အခွန်တာဝန်အားလုံးကို ပေးဆောင်ထားပြီးဖြစ်ကြောင်း ကိုလံဘီယာ ပေါ့ပ်စတားရဲ့ ကိုယ်စားလှယ်တွေက ပြောကြားပေမဲ့လည်း စပိန်ရှေ့နေတွေက ရှာကီရာဟာ အဲ့ဒီနှစ်ပိုင်းတွေက စပိန်နိုင်ငံမြောက်ပိုင်းက ကတ်တလိုနီးယားဒေသမှာ နေထိုင်ခဲ့ကြောင်း သူတို့က ချေပထားပါတယ်။ ဆုံးဖြတ်ချက်အသစ်ဟာ ၂၀၂၁ ခုနှစ် […]

Most Read

2024-09-20 01:11:31