Breaking News >> News >> Democratic Voice of Burma


ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်


Link [2022-05-27 14:17:53]



ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာအနီးမှာ မေ ၂၆ ရက်က စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော် (အေအေ)တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ရခိုင်ဒေသရှိ နေရာအနှံ့ တိုက်ပွဲတွေဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ ဘူသီးတောင်မြို့ခံတဦးက “မနေ့က ကျနော်တို့ ဘူးသီးတောင်မြို့မှာ စစ်တပ်က တပ်လှန့်ထားခဲ့တယ်။ ခရီးသွားလာသူတွေကို အမြန်သွားကြဖို့ ပြောတာတွေရှိတယ်။ ဘူးသီးတောင်မှာလည်း တိုက်ပွဲဖြစ်လာမလားဆိုပြီး စိုးရိမ်နေရတယ်” လို့ ပြောပါတယ်။ ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာအနီးရှိ မြန်မာစစ်တပ်ရဲ့ စစ်ကြောင်းတခုက အေအေတပ်ဖွဲ့ဝင်တွေရှိတဲ့ နေရာကို မေ ၂၆ ရက် မနက် ၁၀ နာရီလောက်က ဝင်ရောက်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ရက္ခိုင်တပ်တော်(အေအေ)  ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက မီဒီယာတွေကို ပြောဆိုထားပါတယ်။ ပလက်ဝဒေသခံတဦးက “ပလက်ဝမှာ မနေ့က ညအထိ လက်နက်ကြီးပစ်ခတ်တာတွေ ရှိတယ်။ လက်နက်ကြီးက […]

Most Read

2024-09-20 01:11:12