Breaking News >> News >> Democratic Voice of Burma


ရုရှားကို ပိတ်ဆို့အရေးယူရေး အီးယူအတွင်း သဘောထားကွဲမှုအပေါ် ယူကရိန်းသမ္မတ ဝေဖန်


Link [2022-05-27 14:17:53]



ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ထပ်လုပ်ဖို့ ဥရောပသမဂ္ဂအတွင်း သဘောထားကွဲလွဲမှုတွေနဲ့ ပတ်သက်ပြီး ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မေ ၂၆ ရက်မှာ ပြစ်တင်ဝေဖန်လိုက်ပါတယ်။ အီးယူဟာ ရုရှားရေနံတင်သွင်းမှုအပေါ် ပိတ်ဆို့အရေးယူမှု အပါအဝင် ၆ ကြိမ်မြောက် ဒဏ်ခတ်အရေးယူမှုတွေကို ဆွေးနွေးနေတာပါ။ ဒီလုပ်ဆောင်မှုကို တညီတညွတ်တည်း လုပ်ဖို့ လိုအပ်ပေမဲ့ ဟန်ဂေရီနိုင်ငံကတော့ သူ့ရဲ့စီးပွားရေးက အရမ်းဒုက္ခရောက်လိမ့်မယ်ဆိုပြီး အခု ဒီအယူအဆကို ဆန့်ကျင်နေပါတယ်။ “အရေးယူမှုအသစ်တွေကို ထောက်ခံပေးတဲ့ မိတ်ဆွေတွေကို ကျေးဇူးတင်ကြောင်း၊ ဒါပေမဲ့ ဒီဒဏ်ခတ်ပိတ်ဆို့မှုကို ခွင့်မပြုဖို့ တချို့နိုင်ငံတွေကို ဘာကြောင့် ဆန့်ကျင်နေရတာလဲ” လို့ ဇလန်းစကီးက မိန့်ခွန်းမှာ ပြောသွားပါတယ်။ ဥရောပသမဂ္ဂဟာ ဒီ ၆ ကြိမ်မြောက် ဒဏ်ခတ်အရေးယူမှုကို သဘောတူဖို့အတွက် နောက်ထပ် ဘယ်နှပတ်လောက်များ ကြိုးစားနေဦးမှာလဲ ဆိုပြီးလည်း […]

Most Read

2024-09-20 07:26:16