Breaking News >> News >> Democratic Voice of Burma


လက်နက်ထောက်ပံ့ပေးရန် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တောင်းဆို


Link [2022-05-27 11:13:57]



စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လက်နက်အင်အားနဲ့ စစ်ရေးခေါင်းဆောင်တွေ လိုအပ်နေတာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ကူညီထောက်ပံ့ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းကို ဧပြီနဲ့ မေလအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုး တိုက်ခိုက်နေပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို လိုက်လံ မီးရှို့ဖျက်ဆီးနေတာ ဖြစ်ပါတယ်။ ဒေသတွင်း မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ လက်လုပ်သေနတ်တွေနဲ့ အင်အားချင်းမမျှဘဲ ပြန်လည်တိုက်ခိုက်နေကြရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ Local PDF တွေအနေနဲ့ အထက်တာဝန်ရှိသူတွေကို ချိတ်ဆက်ပေမယ့်လည်း တုံ့ပြန်မှုမရှိ ဖြစ်နေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်က Khin U PDF တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။ “ကျနော်တို့မှာ ချိတ်ဆက်မှုမရှိဘူးဗျ၊ ကျနော်တို့ လိုကယ်တွေ အထက်က တာဝန်ရှိတဲ့သူတွေကို ချိတ်ဆက်တာပေါ့၊ […]

Most Read

2024-09-20 07:25:17