Breaking News >> News >> Democratic Voice of Burma


ကလေးမြို့တွင်း စစ်ကောင်စီတပ်က တင်းကျပ်စစ်ဆေးနေသဖြင့် ဒေသခံများ စိုးရိမ်


Link [2022-05-27 09:11:55]



စစ်ကိုင်းတိုင်း ကလေးမြို့မှာ လတ်တလောမှာ စစ်ကောင်စီတပ်က မြို့တွင်းနေရာအများအပြားမှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးနေတာကြောင့် ခရီးသွားတွေနဲ့ မြို့နေပြည်သူတွေ စိုးရိမ်နေကြပါတယ်။ စစ်ကောင်စီတပ်နဲ့ရဲတွေ မေ ၂၆ ရက်မနက်ပိုင်းမှာ ‌ဘုရင့်နောင်လမ်းဘေးက ကိုစိုးဆေးဆိုင်ရှေ့၊ သုခကမ္ဘာခန်းမရှေ့နဲ့ မြို့တွင်းနေရာအနှံ့အပြားမှာ လမ်းသွားလမ်းတွေနဲ့ ကုန်တင်ယာဉ်မောင်းတွေ ခရီးသွားယာဉ်တွေကို စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ “မနက် ၉ နာရီဝန်းကျင်လောက်က ရုတ်တရက်ရောက်ချလာတာ အင်းအားအများအပြားနဲ့ ထောင်ကားတွေရော ရဲတွေရော စစ်သားတွေရော အများကြီး။ လမ်းသွားလမ်းလာတွေကို စစ်နေတာ။ RPG လို့ ယူဆရတဲ့ လက်နက်ကြီးတွေကို ပခုံးကိုထမ်းထားတာ အဒေါ်တို့လည်း ကြောက်လို့ အိမ်ထဲမှာနေကြရတာ” လို့ လမ်းဘေးက ဈေးဆိုင်ရှင်တဦးက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဒီနေ့မနက်မှာလည်း မြို့တွင်းနေရာအများအပြားစစ်ဆေးနေပြီး လမ်းသွား လမ်းလာ အမျိုးသားလူငယ်တွေကို PDF လားဆိုပြီး စစ်‌ဆေးမေးမြန်း […]

Most Read

2024-09-20 07:38:07