Breaking News >> News >> Democratic Voice of Burma


မဲဆောက်တွင် တရားမဝင်မြန်မာ ၅၂ ဦးဖမ်းမိ၊ လူကုန်ကူးသူနှစ်ဦး ထွက်ပြေးလွတ်မြောက်


Link [2022-05-27 09:11:55]



ကရင်ပြည်နယ် မြဝတီမြို့ကတဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တော်တိုက်နယ် ရပ်ကွက် ၆ မှာ တရားမဝင် ရွှေ့ပြောင်းမြန်မာအလုပ်သမား ၅၂ ဦးကို မေ ၂၇ ရက် မနက်စောပိုင်းက ဖမ်းဆီးရမိပြီး လူကုန်ကူးသူ မြန်မာနှစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။ မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မြောက်ဘက်ရှိ သောင်ရင်းမြစ်ကိုကျော်ဖြတ်ပြီး ထိုင်းနိုင်ငံတာခ်ရိုင် မဲဆောက်မြို့ မယ်တော်တိုက်နယ် ကျန်စိုက်ခင်းမှာ ပုန်းအောင်နေတဲ့ ရွှေ့ပြောင်း-မြန်မာတွေကို ထိုင်းခြေမြန်တပ်ရင်းမှ  လုံခြုံလှည့်ကင်းလှည့်ချိန် တွေ့ရှိပြီး ပြည်ဝင်ခွင့်အထောက်ထား မရှိတဲ့အတွက် ဖမ်းဆီးလိုက်တာလို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေရဲ့ ထွက်ဆိုချက်အရ သူတို့ကို ခေါ်ဆောင်လာတဲ့ လူကုန်ကူးသူ နှစ်ဦးဟာ ထိုင်းစစ်တပ်ကို တွေ့ရှိချိန်မှာ မှောင်ရိပ်ကို အခွင့်ကောင်းယူပြီး ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးရမိတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို ထိုင်းနိုင်ငံ တရားဥပဒေအတိုင်း အရေးယူသွားမယ်လို့ […]

Most Read

2024-09-20 07:45:05