Breaking News >> News >> Democratic Voice of Burma


ဘီးလင်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၅ ဦးထက်မနည်း သေဆုံး


Link [2022-05-27 09:11:55]



မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ အလူးကျေးရွာရှိ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ မေ ၂၆ ရက် မနက် ၉ နာရီခွဲလောက်က စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဘီးလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ သထုံမြို့နယ်ကနေ ကျိုက်ထိုမြို့နယ်ဘက်ကို မောင်းနှင်းလာတဲ့ ကား ၅ စီးပါ စစ်ကောင်စီ ယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီကား ၁ စီး ထိခိုက်ပျက်စီးခဲ့ပြီး လမ်းဘေး ထိုးကျသွားသလို စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ဘီးလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက KNLA ပူးပေါင်းအဖွဲ့ကို ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ထိခိုက်တစုံတစ်ရာ မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီးနောက် […]

Most Read

2024-09-20 07:42:39