Breaking News >> News >> Democratic Voice of Burma


အိန္ဒိယတွင် ငွေဖောင်းပွမှုနှင့် ငွေတန်ဖိုးကျဆင်းမှုကြောင့် သက်ကြီးရွယ်အိုများ ရပ်တည်ရေးခက်ခဲ


Link [2022-05-27 09:11:55]



အိန္ဒိယနိုင်ငံမှာ ဆိုးရွားလာတဲ့ ငွေကြေးဖောင်းပွမှုဒဏ်ကြောင့် လက်ထဲမှာရှိတဲ့ ငွေကြေးတန်ဖိုး ကျဆင်းလာတာကို ရင်ဆိုင်နိုင်ဖို့အတွက် သက်ကြီးရွယ်အိုတွေအနေနဲ့ မရှိမဖြစ်တဲ့ လူသုံးပစ္စည်းတွေကို လျှော့ပြီး သုံးစွဲနေကြရကာ ရပ်တည်ရှင်သန်ရေးအတွက် ခက်ခဲနေကြပါတယ်။ ငွေကြေးဖောင်းပွမှုဟာ ဧပြီလမှာ ရှစ်နှစ်တာအတွင်း အမြင့်ဆုံးဖြစ်တဲ့ ၇ ဒသမ ၇၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ဘဏ်အပ်ငွေတွေရဲ့ ပျမ်းမျှအတိုးနှုန်းကတော့ သုံးနှစ်အတွင်းမှာ ၈ ဒသမ ၅ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားတာ တွေ့ရပါတယ်။ ဒီအခြေအနေကြောင့် ပင်စင်စား သက်ကြီးရွယ်အိုတွေဟာ ဘဏ်ထဲက သူတို့ငွေကြေးတွေကို စွန့်စားရတဲ့ အစုရှယ်ယာတွေနဲ့ အကျိုးတူရန်ပုံငွေတွေထဲကို လွှဲပြောင်းလုပ်ဆောင်ကြတာမျိုးတွေ ရှိလာခဲ့ပါတယ်။ ဒေလီက အသက် ၆၀ အရွယ်ရှိတဲ့ ဂေါတမ်ဒတ်တားနဲ့ သူ့ဇနီး ဆူမစ်တာရွိုင်း တို့ဟာလည်း အခြားသူတွေနည်းတူ ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်း […]

Most Read

2024-09-20 07:22:29