Breaking News >> News >> Democratic Voice of Burma


ကနေဒါနိုင်ငံ စာသင်ကျောင်းတခုအနီး သေနတ်သမားနှင့်ရဲတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်


Link [2022-05-27 09:11:55]



ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှာ မေ ၂၆ ရက် နေ့လယ်ပိုင်းက စာသင်ကျောင်းနားမှာ သေနတ်သမားတယောက်နဲ့ ရဲအဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး သေနတ်သမား သေဆုံးသွားပါတယ်။ ဒီအဖြစ်အပျက်ကြောင့် အနီးနားက စာသင်ကျောင်း ၅ ကျောင်းကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ နာရီအတန်ကြာအေင် ပိတ်ထားလိုက်တယ်လို့ မြို့တော် တာဝန်ရှိသူတွေက ပြောပါတယ်။ မူလတန်းကျောင်းအနီး လမ်းမပေါ်မှာ သံသယဖြစ်ဖွယ်ရာ အမျိုးသားတယောက် သေနတ်တကားကားနဲ့ သွားလာနေတာကို အကြောင်းကြားလာတာကြောင့် ရဲအဖွဲ့က သွားရောက်တဲ့အချိန်မှာ သေနတ်သမားဘက်က စတင်ပစ်ခတ်ခဲ့တယ်လို့ တိုရွန်တို ရဲတပ်ဖွဲ့ရဲ့ ရဲမှူးကြီး ဂျိမ်း ရမ်မားက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အသေးစိတ်အချက်အလက်တွေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး ထုတ်မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ အခင်းဖြစ်တဲ့နေရာဟာ ကိုဗစ်ကြောင့် ပိတ်ထားရပြီး မကြာခင်ကပဲပြန်ဖွင့်တဲ့ ဝီလီယံ ဒေးဗစ် မူလတန်းကျောင်းအနီးနားမှာ ဖြစ်ပါတယ်။ […]

Most Read

2024-09-20 07:33:41