Breaking News >> News >> Democratic Voice of Burma


မော်လမြိုင်က စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံး ဗုံးကွဲပြီးနောက် ဒေသခံ ၇ ဦးထက်မနည်း ဖမ်းဆီးခံရ


Link [2022-05-26 20:18:24]



မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ပြီးနောက် ဒေသခံ ၇ ဦး ထက်မနည်း ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက  ပြောပါတယ်။ အဲဒီစစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးဟာ မေ ၂၆ ရက် မနက် ၁၀ နာရီခွဲက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။ ဗုံးပေါက်ကွဲမှုကြောင့် အုပ်ချုပ်ရေးမှူးရုံး အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေက လမ်းသွားလမ်းလာတဲ့ ပြည်သူတွေ ပိတ်ဆို့ရှာဖွေ စစ်ဆေးခဲ့သလို မသင်္ကာလို့ဆိုပြီး ဒေသခံ ၇ ဦးကို ဖမ်းဆီးသွားခဲ့တာပါ။ ဖမ်းဆီးခံရတဲ့ မိသားစုဝင်နဲ့ နီးစပ်သူ တစ်ဦးကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားတဲ့သူတွေကို စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ပေးမယ်လို့ ပြောဆိုလာတယ်လို့ ဆိုပါတယ်။ အဲဒီစစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးကို နန်းထိုက်အောင် စစ်ဆင်ရေးအနေနဲ့ […]

Most Read

2024-09-20 07:27:38