Breaking News >> News >> Democratic Voice of Burma


ပွဲစားခဘတ် ၅၀,၀၀၀ ထိပေးကာ ထိုင်းမှတဆင့် မလေးရှားသွားမည့် မြန်မာ ၂၆ ဦးဖမ်းဆီးခံရ


Link [2022-05-26 20:18:24]



ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာပြီး မလေးရှားနိုင်ငံကို ဆက်သွားမယ့် မြန်မာနိုင်ငံသား ၂၆ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က မေ ၂၆ ရက် မနက်အစောပိုင်းမှာ ဖမ်းဆီးလိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ သူတို့အုပ်စုကို ထိုင်းနိုင်ငံတောင်ပိုင်းနယ်စပ် ဆဒေါင်းခရိုင်ထဲက စစ်ဆေးရေးဂိတ်မှာ ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်တဲ့ ကင်းလှည့်တပ်ဖွဲ့က မနက် ၄ နာရီခွဲလောက်မှာ ဖမ်းမိခဲ့တာလို့ ရဲတွေက ပြောပါတယ်။ ဖမ်းဆီးဖို့ ကြိုးစားချိန်မှာတော့ သူတို့ဟာ ထွက်ပြေးဖို့ ကြိုးစားခဲ့ကြပေမယ့် အားလုံးဖမ်းမိခဲ့ကာ သူတို့အုပ်စုမှာ အမျိုးသား ၁၇ ယောက်နဲ့ အမျိုးသမီး ၉ ယောက်ပါဝင်ပြီး သူတို့အားလုံးကို လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်ဖို့ ဆဒေါင်းရဲစခန်းဆီ လွှဲပြောင်းပြီးတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ထားခြင်းရှိမရှိ စမ်းသပ်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ ရဲတွေက […]

Most Read

2024-09-20 07:34:56