Breaking News >> News >> Democratic Voice of Burma


ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ စစ်ခေါင်းဆောင်နှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးကိစ္စ တင်ပြ


Link [2022-05-26 20:18:24]



စောထော့လေးဦးဆောင်တဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ  KNU/KNLA(PC)အဖွဲ့ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ မေလ ၂၆ ရက် ဒီမနက် နေပြည်တော်မှာတွေ့ဆုံပြီး   ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စတွေတင်ပြခဲ့ကာ အမှတ်တရလက်ဆောင် ပစ္စည်းတွေ ပေးအပ်ခဲ့ပြီး စုပေါင်းဓာတ်ပုံရိုက်ကြတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်ကလည်း KNU/KNLA(PC) ဥက္ကဋ္ဌ စောထော့လေးဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်တွေ ရှင်းလင်းပြောကြားခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် တစ်နိုင်ငံလုံးတိုင်းရင်းသားဒေသတွေပါမကျန် ပညာရည်မြှင့်တင်ရေးကိစ္စ၊ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေးကိစ္စ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်တွေကို စစ်ခေါင်းဆောင်က  ရှင်းလင်းဆွေးနွေး ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဆွေးနွေးပွဲကို စစ်ကောင်စီဘက်က ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့လည်းတက်ရောက်ကြပြီး KNU/KNLA(PC)ဘက်က ဒုတိယဥက္ကဋ္ဌနော်ကပေါ်ထူးနဲ့ ဗဟိုကော်မတီဝင် စောမောင်မောင်တို့လည်း တက်ရောက်ကြပါတယ်။ KNU/KNLA(PC)ဥက္ကဋ္ဌ ဦးဆောင်တဲ့အဖွဲ့ဟာ စစ်ကောင်စီလက်အောက်ခံ  […]

Most Read

2024-09-20 07:42:14