Breaking News >> News >> Democratic Voice of Burma


မန္တလေး ဓာတ်ဆီဆိုင်များတွင် ဆီဖြည့်ရန် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေကြရ


Link [2022-05-26 20:18:24]



မန္တလေးမြို့ပေါ်က ဆီဆိုင်ကြီးတွေမှာ  မေ ၂၆ ရက်က ကားနဲ့ ဆိုင်ကယ်မောင်းနှင်သူတွေ ဆီဖြည့်ရာမှာ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေကြရပြီး အပြင်ဆိုင်တွေမှာလည်း လောင်စာဆီဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။ DENKO၊ ဘီအိုစီ၊ ငွေဗျိုင်းဖြူ စတဲ့ ကုမ္ပဏီဆီဆိုင်ကြီးတွေမှာ ဓာတ်ဆီဈေး ဈေးသက်သာပြီး တလီတာ ၂,၂၅၀ ကျပ်နဲ့ ရောင်းချပေးတယ်လို့ သိရပါတယ်။ မန္တလေးမြို့ခံတဦးက “ဒါပေမဲ့ ခုရက်ထဲမှာ အဲဒီဆီဆိုင်တွေမှာ ဆီဖြည့်ရင် နာရီဝက်လောက် တန်းစီစောင့်ရတယ်၊ ပုံးနဲ့ဝယ်လို့မရဘူး၊ ကား ဆိုင်ကယ်တော့ လိုသလောက် အပြည့်ရောင်းပေးတယ်၊ အပိုဝယ်ထားလို့မရဘူး” လို့ ဆိုပါတယ်။ ဆိုင်ကယ်ဆီဖြည့်ဖို့ တန်းစီနေသူတဦးကလည်း “နေကပူပူ လူကထူထူမို့ မစောင့်ချင်ဘူး၊ တန်းမစီချင်ဘူးဆိုရင် အပြင်မှာထည့်လို့ရတယ်၊ အပြင်မှာထည့်ရင် တလီတာကို ၇၀၀၊ ၈၀၀ ကျပ်လောက် ပိုပေးရတယ်” […]

Most Read

2024-09-20 07:37:45