Breaking News >> News >> Democratic Voice of Burma


ရှောင်တာနယ်အမှု စွဲချက်တင်သင့်၊ မတင်သင့် လျှောက်လဲချက်ပေး


Link [2022-05-26 14:09:51]



သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခ မစ္စတာရှောင်တာနယ်အမှုကို မေ ၂၆ ရက်နေ့က ရုံးထုတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။ ဒီနေ့ရုံးချိန်းမှာ နှစ်ဘက်လုံးက စွဲချက်တင်သင့်၊ မတင်သင့် လျှောက်လဲချက်ပေးခဲ့တယ်။ နောက်တစ်ပတ်ရုံးချိန်းမှာ စွဲချက်တင်သင့်၊ မတင်သင့် အမိန့်ချဖို့ ပြန်ချိန်းလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီက စီးပွားရေးအကြံပေး ရှောင်တာနယ်ကို လ.ဝ.က အက်ဥပဒေနဲ့စွဲဆိုထားပြီး မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃-၁(ဂ)အမှုမှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း(စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင် (စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း(စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်း)တို့ကို အမှုတွဲအဖြစ် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ ဒီနေ့ရုံးထုတ်ကို လာရောက်သူတွေ အားလုံးကျန်းမာရေးကောင်းမွန်ကြတယ်လို့လည်း သိရပါတယ်။ စစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးတဲ့ နိုင်ငံခြားသားတော်တော်များများကို နှစ်နိုင်ငံချစ်ကြည်ရေးကို ထောက်ရှုပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ […]

Most Read

2024-09-20 07:42:14