Breaking News >> News >> Democratic Voice of Burma


ဆားလင်းကြီးမြို့နယ်၌ ပြည်သူပိုင် ဈေးဆိုင်တန်းကို စစ်တပ်က မီးရှို့ပြီး ရွာသား ၂ ဦးကို ပစ်သတ်


Link [2022-05-26 14:09:51]



စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ မေလ ၂၆ ရက်မနက်  ပြည်သူပိုင် ဈေးဆိုင်တန်းတွေကို စစ်ကောင်စီတပ်က အကြမ်းဖက်  မီးရှို့ဖျက်ဆီးပြီး ဓားစာခံအဖြစ် ဖမ်းဆီးခေါ်သွားတဲ့ ရွာသား  ၂ ယောက်ကိုလည်း ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆားလင်းကြီးမြို့နယ် မြန်မာယန်စီကုမ္ပဏီဘေးက ဝါးတန်းကျေးရွာ၊ မုံရွာ – ယင်းမာပင်ကားလမ်းမကြီး ဘေးမှာရှိတဲ့ စျေးဆိုင်တဲတွေကို ဒီမနက် ၇ နာရီခွဲလောက်က မီးရှို့ခဲ့တာပါ။ မီးရှို့တဲ့ အကြမ်းဖက်စစ်သားတွေဟာ ယင်းမာပင်မြို့နယ် အောင်ချမ်းသာကျေးရွာမှာ တပ်စွဲခဲ့သူတွေဖြစ်ပြီး မနေ့က စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ ယင်းမာပင်မြို့အရှေ့ခြမ်း ထန်းတောကြီးကျေးရွာက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ဆားလင်းကြီးမြို့နယ်ကို ယမားတံတားကနေ ဖြတ်ကူးလာကာ ယမားတံတားအဝင်မှာရှိတဲ့ ဂုဏ်တောကျေးရွာထိပ်က စားသောက်ဆိုင်တဆိုင်ကိုလည်း မီးရှို့ထားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ပြီးတော့ မုံရွာ – ပုသိမ်လမ်းမကြီးအတိုင်း […]

Most Read

2024-09-20 07:31:15