Breaking News >> News >> Democratic Voice of Burma


ဂန့်ဂေါမြောက်ပိုင်းကို စစ်တပ်က လေကြောင်းမှတိုက်ခိုက်နေသဖြင့် ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးနေရ


Link [2022-05-26 14:09:51]



မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က မေ ၂၆ ရက်နေ့ မနက်ပိုင်းမှာ ရဟတ်ယာဉ် ၄ စီးအပါအဝင် ဂျက်လေယာဉ်တွေနဲ့  ဗုံးကြဲပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဆိုပါဂျက်လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် စံပယ်ရွာ၊ ပနန်းရွာ၊ ယင်းမာရွာ၊ စင်ပုံရွာ စုစုပေါင်းရွာ ၄ ရွာက ဒေသခံ ၁၀၀၀‌ ကျော်ဟာ  ထွက်ပြေးတိမ်းရှောင်နေနကြရပါတယ်။‌ “ကျနော်တို့နေတဲ့ ရွာဘက်တွေကို ရဟတ်ယာဉ်နဲ့ပစ်ကြတာ လေကြောင်းကနေလည်း တိုက်ခိုက်တယ်၊ စစ်သားတွေချသွားတယ်လို့လည်းကြားတယ်၊ အခုတော့ တောထဲမှာ ပြေးနေကြရတယ်၊ နေကပူနဲ့တော်တော်ခက်ခဲတယ်” လို့ စစ်ရှောင်တဦးက ဒီဗွီဘီကိုပြောပါတယ်။ စစ်ရှောင်ပြည်သူပေါင်း ၁၀၀၀ ကျော်ဟာ ရုတ်ရက်ပြေးလွှားလာကြရတာကြောင့် စားစရာဆန်တွေနဲ့ ဝတ်စရာအဝတ်အထည်တွေ ပါမလာကြဘူးလို့လည်း ဆိုပါတယ်။ စစ်ကောင်စီရဲ့ တိုက်လေယာဉ်နဲ့ […]

Most Read

2024-09-20 07:34:09