Breaking News >> News >> Democratic Voice of Burma


ပလက်ဝမြို့နယ်တွင် အေအေနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်


Link [2022-05-26 14:09:51]



ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာနဲ့ ခဝဲကျေးရွာတွေအနီးမှာ မေ ၂၆ ရက် မနက် ၁၀ နာရီလောက်ကစပြီး စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော် (အေအေ) တို့ တိုက်ပွဲတွေ စဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “တိုက်ပွဲဖြစ်နေတာက နှစ်နေရာလို့ သိရတယ်။ အဘောင်သားကျေးရွာနဲ့ ခဝဲကျေးရွာတွေဘက်မှာ။ ဒီနေ့မနက် ၁၀ နာရီလောက်က စဖြစ်တာလို့ သိရတယ်။ ပလက်ဝမြို့ပေါ် တပ်ရင်းက စစ်ကားတွေနဲ့ တပ်ကူလိုက်သွားတယ်” လို့ ပလက်ဝမြို့ခံတဦးက ပြောပါတယ်။ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာ ၂ ခုဖြစ်တဲ့ အဘောင်သားကျေးရွာနဲ့ ခဝဲကျေးရွာတွေကို ပလက်ဝမြို့ အခြေစိုက် ခလရ ၂၈၉ တပ်ရင်းက စစ်ကူတွေ လိုက်သွားကြသလို လက်နက်ကြီးတွေနဲ့ ပစ်ကူတာတွေ ရှိနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ပလက်ဝမြို့ခံက […]

Most Read

2024-09-20 07:27:45