Breaking News >> News >> Democratic Voice of Burma


ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် တရုတ်သမ္မတ ဆွေးနွေး


Link [2022-05-26 12:08:00]



တရုတ်နိုင်ငံကို အလည်အပတ်ရောက်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲ ဘာချေးလက်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မေ ၂၅ ရက်က ရုပ်သံကတဆင့် ဆွေးနွေးခဲ့ကြပါတယ်။ ဘာချေးလက်ရဲ့ ခရီးစဉ်ကို လူ့အခွင့်အရေး အုပ်စုတွေက ဝေဖန်နေကြပြီး အမေရိကန် အစိုးရကတော့ ဒီခရီးစဉ်က အမှားတရပ်ပဲလို့ ပြောပါတယ်။ ဘာချေးလက်ရဲ့ တရုတ်နိုင်ငံမှာ ၆ ရက်ကြာ ခရီးစဉ်ထဲ နိုင်ငံအနောက်စွန်းက ရှင်းကျန်းပြည်နယ် ခရီးစဉ်လည်း ပါပါတယ်။ အဲဒီပြည်နယ်ထဲမှာ မွတ်ဆလင် ဝီဂါတိုင်းရင်းသား အများစုဟာ ဥပဒေမဲ့ ထိန်းသိမ်းခံ၊ နှိပ်စက်ခံနေရပြီး အဓမ္မလုပ်အားပေး ခိုင်းစေခံနေရတယ်လို့ ယုံကြည်ကြောင်း ကုလ လူ့အခွင့်အရေးရုံးက မနှစ်က ပြောခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်ဖက်စလုံးက လူသိရှင်ကြား မှတ်ချက်မပေးသေးပါဘူး။ တရုတ်သမ္မတ ရှီကတော့ တရုတ်ရဲ့ လူ့အခွင့်အရေးဆိုင်ရာ […]

Most Read

2024-09-20 07:35:09