Breaking News >> News >> Democratic Voice of Burma


ယူကရိန်းစစ်ဆင်ရေးအတွင်း ဒဏ်ရာရခဲ့သည့် ရုရှားစစ်သားများအား သမ္မတပူတင် တွေ့ဆုံ


Link [2022-05-26 12:08:00]



ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ မေ ၂၅ ရက်က မော်စကိုမြို့ရှိ စစ်ဘက်ဆိုင်ရာဆေးရုံကို သွားရောက်လည်ပတ်ခဲ့ပြီး ရုရှားရဲ့ ယူကရိန်းစစ်ဆင်ရေးအတွင်း ဒဏ်ရာရရှိခဲ့တဲ့ စစ်သားတွေကို တွေ့ဆုံ စကားပြောခဲ့ပါတယ်။ သမ္မတ ပူတင်ဟာ ကာကွယ်ရေးဝန်ကြီး ဆာဂေ ရွှိုင်ဂူနဲ့အတူ သွားရောက်ခဲ့တာပါ။ ရုရှားသမ္မတက ဒဏ်ရာရစစ်သည်တွေကို လက်ဆွဲနှုတ်ဆက်ခဲ့ပြီး သူတို့ရဲ့ တာဝန်ထမ်းဆောင်မှုအတွက် ကျေးဇူးတင်ကြောင်း ပြောပါတယ်။ ရုရှားသမ္မတရဲ့ လက်ဆွဲနှုတ်ဆက်ခံရတဲ့ စစ်သားတယောက်က တိုက်ပွဲဆက်ဝင်ဖို့ ခွင့်တောင်းခံခဲ့ပြီး ပူတင်ကလည်း ခွင့်ပြုခဲ့တယ်လို့ ဆရာဝန်တဦးက သူတို့ပြောစကားတွေကို ပြောပြပါတယ်။ မော်စကိုက “အထူးစစ်ဆင်ရေး” လို့ ခေါ်ဆိုတဲ့ ယူကရိန်းအရှေ့ဘက်ရှိ တိုက်ပွဲထဲမှာ ရုရှားစစ်သားတွေ ဘယ်လောက် သေဆုံး၊ ဒဏ်ရာရခဲ့တယ်ဆိုတာတော့ မသိရသေးပါဘူး။

Most Read

2024-09-20 09:30:54