Breaking News >> News >> Democratic Voice of Burma


အခြေခံပညာကျောင်းများတွင် စတင် ကျောင်းအပ်နှံနေ


Link [2022-05-26 09:06:21]



အာဏာသိမ်းစစ်ကောင်စီရဲ့ ပညာရေးဌာနက နိုင်ငံတဝန်း အခြေခံပညာကျောင်းတွေ ဖွင့်လှစ်ဖို့ ကျောင်းသူကျောင်းသားတွေကို  မေလ ၂၆ ရက် ဒီနေ့မနက်က  စတင်ကျောင်းအပ် လက်ခံနေပြီဖြစ်ပါတယ်။ အခြေခံပညာကျောင်းသား ကျောင်းသူတွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ နိုင်ငံရေး အခြေအနေတို့ကြောင့် ပညာသင်နှစ် ၂ နှစ်လောက် ကျောင်းမတက်နိုင်ခဲ့ဘဲ ဒီနှစ်မှာတော့ ကျောင်းတက်ရောက်ဖို့ ကျောင်းအပ်နှံနေကြတာလည်း ဖြစ်ပါတယ်။ ကျောင်းအပ်နှံရေး ရက်မတိုင်ခင်က တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ကောင်စီရဲ့ ကျောင်းတွေမှာ မတက်ရောက်ဖို့ နဲ့ စစ်ကျွန်ပညာရေးသပိတ်မှောက်ဖို့ တိုက်တွန်းတာတွေရှိပေမယ့် ဒီနှစ်မှာ ကျောင်းအပ်တာက ပိုမိုများပြားလာတာကို တွေ့ရပါတယ်။ ကျောင်းသားကျောင်းသူတွေအတွက် NUG က ကြားကာလပညာရေးအစီအစဉ်တွေကို အကောင်အထည်ဖော်ပေးနေပါတယ်။ စစ်ကောင်စီရဲ့ ပညာရေးဌာနက ကျောင်းအပ်နှံရေးသီတင်းပတ်ကို ဒီနေ့ မေလ ၂၆ ကနေ ဇွန် ၁ ရက်နေ့အထိ ပြုလုပ်မှာဖြစ်ပြီး […]

Most Read

2024-09-20 09:56:11