Breaking News >> News >> Democratic Voice of Burma


ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အပါအဝင် ၇ ချက် စစ်ကောင်စီနှင့် မွန်ပြည်သစ်ပါတီ သဘောတူ


Link [2022-05-26 09:06:21]



အာဏာသိမ်း စစ်ကောင်စီနဲ့  ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ ပါတီစုံဒီမိုကရေစီစနစ်ကနေ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်သွားဖို့နဲ့ မွန်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်သွားဖို့ အပါအဝင် အချက် ၇ ချက် သဘောတူ လက်မှတ် ရေးထိုးခဲ့တယ်လို့ မွန်ပြည်သစ်ပါတီက ပြောပါတယ်။ အန်အယ်လ်ဒီအစိုးရလက်ထက်တုန်းက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA မှာ ပါဝင် လက်မှတ်ရေးထိုးခဲ့တဲ့ မွန်ပြည်သစ်ပါတီဟာ အာဏာသိမ်း စစ်ကောင်စီနဲ့ မေလ ၂၃ ရက်မှ  ၂၅ ရက်နေ့ထိ ၃ ရက်ကြာ နေပြည်တော်မှာ ငြိမ်းချမ်းရေးအတွက် သွားရောက် တွေ့ဆုံဆွေးနွေးခဲ့တာပါ။ အဲဒီငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်သွားဖို့၊ တိုင်းရင်းသားတွေလိုချင်တဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်းပြဋ္ဌာန်းခွင့် ရရှိဖို့၊ လက်ရှိနိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရာမှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေအားလုံး ပါဝင်ရေးအတွက် တင်ပြဆွေးနွေးခဲ့တာပါ။ […]

Most Read

2024-09-20 10:09:31