Breaking News >> News >> Democratic Voice of Burma


ထိုင်းနေရာအများစုတွင် ၅ ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံဖြစ်နိုင်ဟု သတိပေး


Link [2022-05-26 09:06:21]



ထိုင်းနိုင်ငံနေရာအများစုမှာ လာမယ့် မေ ၂၇ ရက်ကနေ ၃၁ ရက်အထိ ၅ ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်ကြောင်း ထိုင်းမိုးလေဝသဌာနက သတိပေးထုတ်ပြန်ထားပါတယ်။ နိုင်ငံအရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ နေရာကွက်ကျား မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်းနဲ့ အဆိုပါကာလအတွင်း နိုင်ငံတွင်း ဖြတ်ကျော်ဝင်ရောက်လာတဲ့ အနောက်တောင်မုတ်သုံလေဟာ ကပ္ပလီပင်လယ်ပြင်နဲ့ ထိုင်းပင်လယ်ကွေ့တို့မှာ အားကောင်းနေမယ်လို့ ဆိုပါတယ်။ ထိုင်းမိုးလေဝသဌာနက အဆိုပါရက်တွေအတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ထိုင်းပင်လယ်ကွေ့တို့မှာ လှိုင်းအသင့်အတင့်ကနေ လှိုင်းအမြင့် ၂ မီတာမှ ၃ မီတာအထိ၊ ကပ္ပလီပင်လယ်ပြင်အထက်ပိုင်းမှာ ၂ မီတာမှ ၃ မီတာအထိနဲ့ မိုးထစ်ချုန်း ရွာချိန် လှိုင်းအမြင့် ၃ မီတာအထိ ရိုက်ခတ်နိုင်ကြောင်းလည်း သတိပေးထားပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ ရုတ်တရက် […]

Most Read

2024-09-20 10:04:17