Breaking News >> News >> Democratic Voice of Burma


သန်လျင်တွင် ဆိုင်ကယ်ကယ်ရီဆွဲသူများ ကတ်ပြားပြုလုပ်ပြီးမှ မောင်းနှင်ခွင့်ရ


Link [2022-05-26 09:06:21]



ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှာ ဆိုင်ကယ်ကယ်ရီဆွဲသူတွေ မောင်းနှင်ခွင့်ကတ်ပြား ပြုလုပ်ပြီးမှသာ ဆိုင်ကယ်မောင်းခွင့်ရမယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူတွေအနေနဲ့ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီမှာ မှတ်ပုံတင်အထောက်အထားနဲ့ ငွေပေးပြီး မောင်းနှင်ခွင့်ကတ်ပြား ပြုလုပ်ရမှာလို့ ဆိုပါတယ်။ သန်လျင်မြို့တွင်း ဆိုင်ကယ်ကယ်ရီ ပြေးဆွဲသူတဦးက “သန်လျင်မြို့နယ်ထဲမှာ ဆိုင်ကယ်စီးနှင်းခွင့် ပြီးခဲ့တဲ့ တပတ်ကတည်းက ပိတ်ထားတယ်။ အဲ့ရက်ကဆို ဆိုင်ကယ်တွေ ဖမ်းသွားတာ အများကြီးပဲ။ ခုတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီမှာ အထောက်အထားပြပြီး မောင်းနှင်ခွင့်ရမယ်” လို့ ပြောပါတယ်။ သန်လျင်မြို့နယ်အတွင်း ဆိုင်ကယ်ကယ်ရီပြေးဆွဲသူတွေအနေနဲ့ မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ ဓာတ်ပုံတပုံ၊ ပိုက်ဆံ ၁၀,၀၀၀ ကျပ်နဲ့ စာရင်းပေးထားရမှာဖြစ်ပြီး အုပ်ချုပ်ရေးမှူးရုံးက ဆိုင်ကယ်မောင်းခွင့်ကတ်ပြား ထုတ်ပေးမယ်လို့ အုပ်ချုပ်ရေးမှူးရုံးတွေက လိုက်လံကြေညာထားပါတယ်။ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတဦးက “ဆိုင်ကယ် ကယ်ရီမောင်းသူတွေကို ထုတ်ပေးတဲ့ မောင်းနှင်ခွင့်ကတ်ပြားက […]

Most Read

2024-09-20 09:58:09