Breaking News >> News >> Democratic Voice of Burma


မန္တလေးမြို့ အောင်ပင်လယ်ရဲစခန်းက ရဲတပ်ကြပ်တဦး သေနတ်ဖြင့် ပစ်ခံရ


Link [2022-05-26 09:06:21]



မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊  မန္တလေး-ပြင်ဦးလွင်သွား ကားလမ်းပေါ်မှာ မေ ၂၅ ရက် မနက် ၉ နာရီကျော်က အောင်ပင်လယ်ရဲစခန်းမှ ရဲတပ်ကြပ်တဦး သေနတ်နဲ့ ပစ်ခံခဲ့ရပါတယ်။ ပစ်ခံရသူဟာ စခန်းအုပ်ချုပ်ရေးပိုင်း တာဝန်ယူထားတဲ့ ရဲတပ်ကြပ် သိန်းထွန်းဇော်ဖြစ်ပြီး အမည်မသိ အမျိုးသား ၂ ဦးက ဆိုင်ကယ်နဲ့ လာရောက် ပစ်ခတ်သွားတာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ “ဆိုင်ကယ်ပြင်ပြီး ပြန်လာတဲ့ လမ်းမှာ ပစ်ခံရတယ်လို့ သိရတယ်။ ဒဏ်ရာပဲရသွားတာ။ သေတာတော့ မသေဘူး။”   သေနတ်နဲ့ ပစ်ခံရတာကြောင့် ရဲတပ်ကြပ် သိန်းထွန်းဇော်မှာ လက်ပြင် ကျည်ဖောက်ဝင်ဒဏ်ရာနှစ်ချက်ရရှိခဲ့ပြီး ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

Most Read

2024-09-20 09:38:14