Breaking News >> News >> Democratic Voice of Burma


တက္ကဆက်စာသင်ကျောင်း ပစ်ခတ်မှုအပြီး လက်နက်ပိုမိုထိန်းချုပ်ရန် ပုပ်ရဟန်းမင်းကြီး တောင်းဆို


Link [2022-05-26 09:06:21]



တက္ကဆက်ပြည်နယ်ရှိ စာသင်ကျောင်းတခုမှာ ကလေးငယ် ၁၉ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ ပစ်ခတ်မှုကြောင့် စိတ်နှလုံးကြေကွဲခဲ့ရကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြားခဲ့ပြီး လက်နက်တွေကို ပိုမိုထိန်းချုပ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး ကျောင်းပစ်ခတ်မှုအပြီး တရက်အကြာ မေ ၂၅ ရက်မှာ ပုပ်ရဟန်းမင်းကြီးက သူ့ကို အပတ်စဉ်လာရောက် ဂါရဝပြုတဲ့ စိန့်ပီတာရင်ပြင်ရှိ လူထုပရိတ်သတ်တွေကို မိန့်ကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က “တက္ကဆက်ပြည်နယ် မူလတန်းကျောင်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုကြောင့် ကျနော် စိတ်ကြေကွဲခဲ့ပါတယ်။ သေဆုံးခဲ့ရတဲ့ ကလေးတွေ၊ လူကြီးတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် ဆုတောင်းပေးပါတယ်”လို့ တက္ကဆက်ပြည်နယ် ယူဗဲဒီမြို့က ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။ “သေချာစိစစ်ခြင်းမရှိဘဲ လက်နက်မှောင်ခိုရောင်းဝယ်မှု လုပ်နေတာတွေ တော်လောက်ပါပြီလို့ ပြောရတော့မယ့် အချိန်ပါ။ ဒီလိုအဖြစ်ဆိုးတွေ […]

Most Read

2024-09-20 10:00:50