Breaking News >> News >> Democratic Voice of Burma


ကနီမြို့နယ် အထက်ကင်းကျေးရွာကို စစ်ကောင်စီတပ် မီးရှို့


Link [2022-05-25 20:05:51]



ချင်းတွင်းမြစ်အထက်ပိုင်းကနေ စုန်ဆင်းလာတဲ့ စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် အထက်ကင်းကျေးရွာကို မေ ၂၅ ရက် နေ့လယ်  ၁ နာရီခွဲလောက်မှာ မီးရှို့သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။  ဒေသခံ ရွာသားတဦးက “မနက်ပိုင်းက မင်းကင်းမြို့နယ် တောင်ဖြူ-ပန်းဆက်ရွာကနေ စုန်လာပြီး အခု ကျနော်တို့ အထက်ကင်းရွာကို မီးရှို့နေကြတယ်။ ဒေသခံတွေကတော့ သူတိုစုန်လာပြီဆို ကတည်းက အကုန် နေရပ်ကနေ ရှောင်ထွက်နေကြရတယ်။ ရွာထဲကနေ ထွက်လာတဲ့ မီးခိုးတွေကတော့ အဝေးကနေပဲ ကြည့်နေရတယ်။ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တယ် မဖြစ်တယ်တော့ ကျနော်တို့ မသိရဘူး။ ရွာကိုတော့ လက်ရှိ မီးရှို့နေပါပြီ။”လို့ ပြောပါတယ်။ အဆိုပါ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးက ရွာတရွာကိုလည်း မီးရှို့ခဲ့သလို အခုလည်း ကနီမြို့နယ်အတွင်းကို […]

Most Read

2024-09-20 09:33:57