Breaking News >> News >> Democratic Voice of Burma


ဒေါင်းနှင့် ပိုင်ဖြိုးသုတို့ပါဝင်သရုပ်ဆောင်သည့် “နိုင်ငံပျောက်သူ”ရုပ်ရှင်ဇာတ်လမ်းတို ထုတ်လွှင့်မည်


Link [2022-05-25 20:05:51]



မြန်မာ့နွေဦးတော်လှန်ရေးမှာ ပြည်သူ့ဘက်ကရပ်တည်ခဲ့ကြတဲ့ တော်လှန်အနုပညာရှင်တွေ ဖန်တီးပုံဖော်ရိုက်ကူးထားတဲ့ “နိုင်ငံပျောက်သူ”ရုပ်ရှင်ဇာတ်လမ်းတိုကို လာမယ့် မေ ၃၀ ရက်မှာ ထုတ်လွှင့်သွားဖို့ရှိနေပါတယ်။ ဒီဇာတ်လမ်းကိုတော့ ဒါရိုက်တာ ဏကြီးက ကိုယ်တိုင်ဇာတ်လမ်းဖန်တီးရိုက်ကူးထားခဲ့တာဖြစ်ပြီး သရုပ်ဆောင်မင်းသား ဒေါင်းနဲ့ ပိုင်ဖြိုးသုတို့က ခေါင်းဆောင်ပါဝင်ထားကြပါတယ်။ ဒါရိုက်တာ ဏကြီးက “ကျနော် စစ်မတိုက်တတ်ဘူး။ fundraising တွေလည်း မလုပ်တတ်ဘူး။ ကျနော်က ရုပ်ရှင်ရိုက်တဲ့သူဆိုတော့ ရုပ်ရှင်ပဲ ရိုက်တတ်ပါတယ်။ အဲဒါကြောင့် ရုပ်ရှင်ရိုက်ပြီး တော်လှန်ပါတယ်။”လို့ ပြောပါတယ်။ “နိုင်ငံပျောက်သူ”ရုပ်ရှင်ဇာတ်လမ်းတိုထဲမှာ အဆိုတော် ကျားပေါက်ကလည်း ဂီတဖန်တီးမှုတွေနဲ့ ပါဝင်ထားပြီး တခြားသော တော်လှန်ရေး ရဲဘော်ရဲဘက် အနုပညာရှင်တွေကလည်း တတပ်တအား ပါဝင်ထားကြကာ ပဒေသာပင် Youtube ချယ်နယ်လ်ကနေ မျှဝေပေးသွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ […]

Most Read

2024-09-20 09:54:00