Breaking News >> News >> Democratic Voice of Burma


ဘူးသီးတောင်မြို့နယ်ရှိ မွတ်ဆလင်ကျေးရွာများအား စစ်ကောင်စီတပ်က ရှာဖွေစစ်ဆေးနေ


Link [2022-05-25 20:05:51]



ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ မွတ်ဆလင်ကျေးရွာအုပ်စု ၄ စုကို မေ ၂၅ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်း ရှာဖွေစစ်ဆေးခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။ ရှာဖွေနေတဲ့ ကျေးရွာအုပ်စုတွေကတော့ ဘဂုံးနား၊ မြောင်းနား၊ ကကျက်ဖက်၊ အလယ်ချောင်းနဲ့ သပိတ်တောင်ကျေးရွာအုပ်စုရှိ ရွာသိမ်ရွာငယ် ၃၀ ခန့်ကို စစ်ကောင်စီတပ်က ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေးတာလို့ဆိုပါတယ်။ သပိတ်တောင် မွတ်ဆလင် ကျေးရွာဒေသခံတစ်ဦးက “ ဒီနေ့တရက်လုံး စစ်တပ်က ကျနော်တို့ မွတ်ဆလင်ကျေးရွာအုပ်စု ၄ စုက နေအိမ်တွေကို တအိမ်တက် တအိမ်ဆင်း ရှာဖွေမှုတွေ ပြုလုပ်နေတယ်။ ဘာကိုရှာတာလဲ ကျနော်တို့ မသိပါ။ အိမ်ထောင်စုစာရင်းနဲ့ လူ အတူရပ်ပြကြရတယ်”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်တွေ အခုလို တအိမ်တက်ဆင်းရှာဖွေနေတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြတာပါ။ “အဓိက သူတို့စစ်ဆေးနေတဲ့ […]

Most Read

2024-09-20 10:08:37