Breaking News >> News >> Democratic Voice of Burma


အရာတော်မြို့နယ်တွင် စစ်တပ်က ဝင်ရောက်ပစ်ခတ်သဖြင့် ရွာသားများ မိုးရွာထဲ ထွက်ပြေးနေရ


Link [2022-05-25 20:05:51]



စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ထန်းတောကုန်းကျေးရွာကို စစ်ကောင်စီက မေလ ၂၅ ရက်၊ ညနေ ၃ နာရီခွဲလောက်မှာ သေနတ်တွေ ပစ်ဖောက်ဝင်ရောက်လာတာကြောင့် ဒေသခံတွေ မိုးရွာထဲမှာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ အရာတော်ဒေသခံတစ်ဦးက “မိုးက မနေ့ညနေကတည်းက ရွာနေတာ။ အခုထိ မတိတ်သေးဘူး။ အခုလည်း ကျနော်တို့ အရာတော်မြို့နယ်မြောက်ပိုင်းက ထန်းတောကုန်းရွာကို ဝင်ရောက်လာတယ်။ လာတာကလည်း အသာတကြည် ဝင်လာတာ မဟုတ်ဘူးဗျ။ သေနတ်တွေ ပစ်ဖောက်ပြီး ဝင်လာတာဆိုတော့ ရွာသားတွေ အကုန်ကြောက်လန့် ထွက်ပြေးရတယ်။ မိုးရွာထဲဆိုတော့ ကလေးတွေ၊ အသက်ကြီးရွယ်အိုတွေ ကျန်းမာရေးကတော့ မတွေးဝံ့ရာပဲဗျာ။ ကူကယ်မဲ့သူတွေ မရှိကြတော့ဘူးလား” လို့ ပြောပါတယ်။ ထန်းတောကုန်းကျေးရွာအနီးမှာ ပြီးခဲ့တဲ့မေလ ၁၇ ရက်က စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရာရှိအပါအဝင် […]

Most Read

2024-09-20 09:52:25