Breaking News >> News >> Democratic Voice of Burma


ဘောလခဲမြို့ နန်းဖဲရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေ


Link [2022-05-25 13:58:03]



ကယား(ကရင်နီ) ပြည်နယ်၊ ဘောလခဲမြို့၊ နန်းဖဲရွာအနီးမှာ မေ ၂၃ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁ဝ ယောက်သေဆုံးကာ KNDF ဘက်က တယောက် ကျဆုံးတယ်လို့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။ ဘောလခဲမြို့ကို ထောက်ပို့သွားတဲ့ စစ်ကောင်စီတပ်နဲ့ KA ၊ KNDF တပ်ရင်း ၁၆ တို့ကြား တိုက်ပွဲပြင်းထန်လို့ KNDF တပ်ရင်း ၂ နဲ့ KPDF တို့က ဝင်ရောက်ကူညီ တိုက်ခိုက်ပေးခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က ၁၀ ဦးသေဆုံးပြီး ယာဉ်တစီး ပျက်စီးခဲ့ရသလို အထိအခိုက်များခဲ့တယ်လို့ သိရပါတယ်။ ကရင်နီပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “စစ်ကောင်စီတပ်က ဘောလခဲမြို့ဘက်ကို လမ်းမကြီးအတိုင်း ကားအစီး ၂၀ နဲ့ ရိက္ခာတွေတင်ပြီး ထွက်လာတာ။ ကျနော်တို့က ကြားဖြတ်တိုက်ခိုက်တဲ့သဘောပါ။ […]

Most Read

2024-09-20 09:45:08