Breaking News >> News >> Democratic Voice of Burma


တက္ကဆက်တွင် မူလတန်းကျောင်းသားများ ပစ်သတ်ခံရမှုကြောင့် စိတ်နှလုံးကွဲကြေရဟု ကျောင်းတာဝန်ရှိသူ ပြော


Link [2022-05-25 13:58:03]



အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်မှာ မေ ၂၄ ရက်က မူလတန်းကျောင်းသား ၁၈ ယောက် သေဆုံးခဲ့ရတဲ့ သေနတ်ပစ်ခတ်မှု ဖြစ်ပွားအပြီး “ဒီကနေ့ဟာ စိတ်နှလုံးသားတွေ ကွဲကြေရတဲ့ နေ့ပါပဲ” လို့ ကျောင်းတာဝန်ရှိသူတဦးက ပြောကြားလိုက်ပါတယ်။ ဒီပစ်ခတ်မှုမှာ မူလတန်းကလေး ၁၈ ယောက်နဲ့ သေနတ်သမား အပါအဝင် အရွယ်ရောက်ပြီးသူနှစ်ယောက် သေဆုံးခဲ့ရတာပါ။ “ဒီနေ့ ကျနော့်စိတ်တွေ ကြေကွဲသွားတယ်။ ကျေ နော်တို့ဟာ အသိုင်းအဝိုင်း သေးသေးလေးပါ။ ကျနော်တို့ ဒါကို ကျော်ဖြတ်နိုင်ဖို့ ဆုတောင်းပေးကြပါ” လို့ ယူဗဲဒီ စုပေါင်းကျောင်းနယ်မြေရဲ့ ကြီးကြပ်ရေးမှူးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒီပစ်ခတ်မှုရဲ့ သံသယရှိသူ အသက် ၁၈ နှစ်အရွယ် ဆယ်ဗားဒေါရားမို့စ်ဟာ အခင်းဖြစ်ပွားတဲ့နေရာကို ရောက်လာတဲ့ ရဲအရာရှိတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားဖွယ်ရှိကြောင်း၊ အရာရှိနှစ်ဦး […]

Most Read

2024-09-20 09:42:50