အင်ဒိုနီးရှားနိုင်ငံ၊ ဆီမားရန်မြို့မှာ ဒီရေလျှံတက်လာလို့ လူထောင်ပေါင်းများစွာ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပြီး ရေကြီးရေလျှံမှုတွေ ဆက်လက် မြင့်တက်လာနိုင်တယ်လို့ မေ ၂၄ ရက်မှာ အာဏာပိုင်တွေက သတိပေးထားပါတယ်။ မေ ၂၃ ရက်က ဂျာဗားအလယ်ပိုင်းက မြို့တော်ရဲ့ ပင်လယ်ကာတံတိုင်းကို လှိုင်းလုံးကြီးတွေ ရိုက်ခတ်ခဲ့တာကြောင့် မေ ၂၄ ရက်မှာ ရေကြီးရေလျှံမှုဟာ ၂ ဒသမ ၁ မီတာထိ ရောက်ရှိလာပြီး ဆယ်စုနှစ်တွေအတွင်း နယ်မြေဧရိယာထဲမှာ အမြင့်ဆုံးအဆင့်တွေအဖြစ် မြင်တွေ့ခဲ့ရပါတယ်။ မေ ၂၄ ရက်အထိ လူပေါင်း ၂,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရကြောင်း၊ ဒါပေမဲ့ အသေအပျောက် မရှိကြောင်းနဲ့ ပျက်စီးဆုံးရှုံးမှု ပမာဏကိုလည်း ဆက်လက် အကဲဖြတ်နေဆဲဖြစ်ကြောင်း ထိခိုက်ခံစားခဲ့ရတဲ့ ဒေသခံတွေအတွက် ထောက်ပံ့ပို့ဆောင်ရေး ညှိနှိုင်းဆောင်ရွက်တဲ့ သက်ဆိုင်ရာ […]