Breaking News >> News >> Democratic Voice of Burma


အတိုးအရင်းပြန်ဆပ်ပြီးသည့် တောင်သူများကို မိုးစပါးချေးငွေ ၁ ဧကလျှင် ကျပ် ၁ သိန်းခွဲနှုန်းဖြင့် ထုတ်ချေး


Link [2022-05-25 13:58:03]



မိုးစပါးချေးငွေအတွက် အရင်းနဲ့အတိုး ပေးဆပ်ပြီးဖြစ်တဲ့ တောင်သူတွေကို  ၂၀၂၂ ခုနှစ်အတွက် မိုးစပါးချေးငွေတွေ ထုတ်ယူနိုင်ပြီလို့ စစ်ကောင်စီလက်အောက်ခံ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အသိပေးကြေညာထားပါတယ်။ စိုက်ပျိုးစရိတ်ချေးငွေတွေကို စိုက်ပျိုးရာသီအလိုက် ထုတ်ချေးပေးနေရာမှာ အချိန်စေ့ ချေးငွေတွေဖြစ်တဲ့ ၂၀၂၀ မိုးချေးငွေနဲ့ ၂၀၂၀ မိုးချေးငွေ အရင်း၊ အတိုး ပေးဆပ်ပြီးတဲ့ တောင်သူတွေကို အခုမေလ ၁၆ ရက်ကစပြီး သက်ဆိုင်ရာ ခရိုင်နဲ့ မြို့နယ် ဘဏ်ခွဲတွေမှာ စတင်ထုတ်ချေးပေးနေတာလို့ ဆိုပါတယ်။ ဒီ့အတွက် အရင်ချေးငွေတွေ ပေးဆပ်ပြီးတဲ့ တောင်သူလယ်သမားတွေအနေနဲ့ ၂၀၂၂ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေတွေ အချိန်မီရရှိနိုင်ဖို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်လက်အောက်ရှိ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် ဘဏ်ခွဲတွေနဲ့ အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ကြဖို့လည်း ဆော်ဩထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ ဝန်ထမ်းတဦးက “အရင်ယူထားတဲ့ မိုးစပါးချေးငွေ […]

Most Read

2024-09-20 09:58:09