Breaking News >> News >> Democratic Voice of Burma


ယင်းမာပင် စစ်ဘေးရှောင်များ အမိုးအကာမရှိသဖြင့် မိုးရေထဲ ဖြစ်သလို နေထိုင်ကြရ


Link [2022-05-25 13:58:03]



စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက စစ်ဘေးရှောင်တွေဟာ တောထဲမှာ အမိုးအကာမရှိဘဲ မိုးရေထဲမှာဖြစ်သလို နေထိုင်နေကြရပြီး အကူအညီလိုအပ်နေတယ်လို့ ဒေသခံ PDF တွေက ပြောပါတယ်။  ယင်းမာပင်မြို့နယ်ထဲက အောင်ချမ်းသာ၊ ကံသာ၊ လက်ပံတော၊ မိုးကောင်းကျေးရွာတွေက ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ မေလအတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတာပါ။ အခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းနေတဲ့အတွက် စစ်ဘေးရှောင်တွေဟာ မိုးရေထဲမှာ ဖြစ်သလို အိပ်နေရတယ်လို့ ယင်းမာပင်ဒေသခံ ဘာမရှောင် PDF အဖွဲ့က ပြောပါတယ်။ အမိုးအကာ၊ ဆေးဝါးနဲ့ ရိက္ခာတွေကို ပြည်သူအချင်းချင်းမျှဝေသုံးစွဲနေရပြီး ရေရှည်ရပ်တည်နိုင်ဖို့ ခက်ခဲနေပါတယ်။ ဘာမရှောင် PDF တပ်ဖွဲ့ဝင်တဦးက “ယင်းမပင်မြို့နယ်မှာတော့ စစ်ဘေးရှောင်တွေအခြေအနေက အောင်ချမ်းသာ၊ ကံသာ၊ လက်ပံတော၊ မိုးကောင်းရွာတွေရှိတယ်။ အဲဒီရွာတွေအကုန်လုံး ထွက်ပြေးတိမ်းရှောင်နေရတာပေါ့။ မိုးကလည်း မနေ့က ညနေပိုင်းကနေ […]

Most Read

2024-09-20 09:36:08