Breaking News >> News >> Democratic Voice of Burma


ရေဦးနှင့် ခင်ဦးမြို့နယ်အတွင်း ကျေးရွာများကို စစ်ကောင်စီက ပိတ်ဆို့ပြီး ရိက္ခာလမ်းကြောင်း ဖြတ်တောက်


Link [2022-05-25 13:58:03]



စစ်ကိုင်းတိုင်းအတွင်း ရေဦးနဲ့ ခင်ဦးမြို့တွေနဲ့ ကျေးရွာတွေ ချိတ်ဆက်ထားတဲ့ လမ်းကြောင်းတွေကို စစ်ကောင်စီတပ်တွေက ပိတ်ဆို့စစ်ဆေးပြီး ရိက္ခာလမ်းကြောင်းတွေကို ဖြတ်တောက်ထားပါတယ်။ မဖြစ်မနေ မြို့ပေါ်တက်ပြီး ဈေးဝယ်သွားတဲ့ အမျိုးသမီးငယ်တွေကို စစ်သားတွေက လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက် ပြောဆိုတာတွရှိနေတယ်လို့ ဒေသခံအမျိုးသမီးတွေက ပြောပါတယ်။  မေလအတွင်း ခင်ဦးနဲ့ ရေဦးမြို့နယ်တွေမှာ  စစ်ကောင်စီတပ်တွေက ရွာစဉ်လှည့် မီးရှို့တာတွေကို ဆက်တိုက်ပြုလုပ်ခဲ့တာပါ။ နှစ်ကြိမ်တိုင် မီးရှို့ခံခဲ့ရတဲ့ ခင်ဦးမြို့နယ် အင်းပတ်ကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့အထဲက အိမ်ခြေ ၂၀၀ ကျော်မီးရှို့ဖျက်ဆီးခံထားရပြီး ထောင်နဲ့ချီတဲ့ပြည်သူတွေ မီးဘေးသင့်ခဲ့ပါတယ်။ ခင်ဦးမြို့နယ်၊ အင်းပတ်ရွာသူတယောက်က “မိုးတောထဲမှာ အပင်ကြီးတွေအောက်မှာ ခွေနေရတာမျိုး။ တခြားတဲလေးတွေမှာ စုစပ်ပြီးနေရတာမျိုး။ အဘိုးကြီး အဘွားကြီးတွေရော တိရစ္ဆာန်တွေရော အကုန်လုံးအဆင်မပြေဖြစ်ရတယ်။ အချင်းချင်း မဖေးမနိုင်ဘူး။ အဝေးကနေ ဖေးမမလားဆိုတော့လည်း ခက်ခဲတယ် […]

Most Read

2024-09-20 09:41:58