Breaking News >> News >> Democratic Voice of Burma


ချောင်းသာတွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ် စမ်းသပ်


Link [2022-05-25 13:58:03]



ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေအနီးမှာ မေလ ၂၅ ရက် နေ့လယ်ပိုင်းက  စစ်ကောင်စီတပ်က  လက်နက်ကြီးတွေနဲ့  ပစ်ခတ် စမ်းသပ်နေတယ်လို့  ဒေသခံတွေထံက သိရပါတယ်။ ချောင်းသာကမ်းခြေနဲ့ ရွှေသောင်ယံကမ်းခြေအကြားမှာ လက်နက်ကြီးနဲ့ ပစ်ခတ် စမ်းသပ်နေသလို  လေယာဉ်နဲ့ ဗုံးကြဲတာမျိုးတွေလည်း လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ချောင်းသာမြို့ခံတဦးက “ချောင်းသာနဲ့ ရွှေသောင်ယံကြားမှာရှိတဲ့ ပစ်ကွင်းမှာ စမ်းတဲ့ပုံစံ လက်နက်ကြီးကျတဲ့ အသံက ချောင်းသာကရော ရွှေသောင်ယံကပါ ကြားရတယ်။ မြေကြီးတွေပါ တုန်သွားတာ ဘာလက်နက်လဲဆိုတာတော့ အတွင်းပိုင်းက လူတွေပဲသိမယ်” လို့ ပြောပါတယ်။ ချောင်းသာကမ်းခြေအနီးတဝိုက် လေယာဉ်ပျံဝဲသံတွေ ကြားရပြီး ခဏအကြာမှာ ခုလိုမျိုး ပေါက်ကွဲသံ အကျယ်ကြီး ကြားရတာကြောင့် လေယာဉ်ပေါ်ကနေ မြေပြင်ပေါ် ပစ်ချသွားတာလို့ ဒေသခံတချို့ကလည်း ပြောဆိုနေပါတယ်။ ဒေသခံပြည်သူတွေကတော့ ဧည့်သည်မှီခိုပြီး […]

Most Read

2024-09-20 09:58:10