Breaking News >> News >> Democratic Voice of Burma


အိမ်မဲမြို့နယ်တွင် ခရီးသည်တင်ကားမှောက်ပြီး ၁၅ ဦး ဒဏ်ရာရ


Link [2022-05-25 13:58:03]



ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်မှာ မေလ ၂၅ ရက် နေ့လယ်ပိုင်းက ခရီးသည်တင်ကားတစီး တိမ်းမှောက်လို့ လိုက်ပါလာသူ ၁၅  ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ရန်ကုန် – မြောင်းမြ – အိမ်မဲလမ်းအတိုင်း မောင်းနှင်လာတဲ့ လိုက်ထရပ်ကားဟာ မွန်းတည့် ၁၂ နာရီလောက်မှာ အိမ်မဲရွာသစ်နားမှာ တိမ်းမှောက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ “မိုးရွာထားတော့ လမ်းက အတော်ချော်နေတာ။ အရှိန်နဲ့ဆိုတော့ စလစ်ဖြစ်သွားတဲ့ပုံစံပါ။ ခုတော့ အားလုံးကို ဆေးရုံကို ပို့ပေးလိုက်ပြီ။ အားမာန်သစ်က လူနာတင်ယာဉ်တွေနဲ့ ပို့ပေးလိုက်တာ တွေ့တယ်”လို့  ဒေသခံတဦးက ပြောပါတယ်။ တိမ်းမှောက်ခဲ့တဲ့ ခရီးသည်တင်ကားဟာ ငရုတ်ကောင်းမြို့မှ ကျွန်းကုန်းဘက်ကို လာတဲ့ကားဖြစ်ပြီး ဒဏ်ရာ ရရှိခဲ့တဲ့သူတွေကို အားမာန်သစ်ပရဟိတအသင်းအဖွဲ့ရဲ့ လူနာတင်ယာဉ်တွေနဲ့ ရွာသစ်ဆေးရုံကို ပို့ဆောင် ပေးခဲ့ပါတယ်။ မေလ ၂၁ […]

Most Read

2024-09-20 09:55:18