Breaking News >> News >> Democratic Voice of Burma


ယူကရိန်းစစ်ပွဲကြောင့် အာဖရိက ရိက္ခာအကျပ်အတည်း ဖြစ်နိုင်ဟု ပိုလန်သမ္မတ သတိပေး


Link [2022-05-25 10:53:54]



ယူကရိန်းစစ်ပွဲကြောင့် အာဖရိကကို ဂျုံထောက်ပံ့မှု ပြတ်တောက်သွားတာဟာ ပြင်းထန်တဲ့ မတည်ငြိမ်မှုနဲ့ မြေထဲပင်လယ်ဒေသမှာ ရွှေ့ပြောင်းနေထိုင်မှု အကျပ်အတည်း ဖြစ်စေနိုင်ကြောင်း ပိုလန်သမ္မတ အွန်ဒရေ ဒူဒါက မေ ၂၄ ရက်မှာ သတိပေးခဲ့ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ ပါတီအစည်းအဝေးမှာ သမ္မတ ဒူဒါက ယူကရိန်းဟာ ကောက်နှံတင်ပို့တဲ့နိုင်ငံအဖြစ် အရေးကြီးကြောင်း အလေးပေး ပြောကြားခဲ့ပြီး ယူကရိန်းကနေ တင်ပို့မှုတွေ ဆက်လက်ပြတ်တောက်နေမယ်ဆိုရင် ကြီးကြီးမားမား အကျပ်အတည်း ဖြစ်ပေါ်လာနိုင်ကြောင်းလည်း သူက ဆိုပါတယ်။ ဂျုံနဲ့ပြောင်းကို အဓိက တင်ပို့ပေးနေတဲ့ ကမ္ဘာ့နိုင်ငံတခုဖြစ်တဲ့ ယူကရိန်းဟာ ကောက်နှံတွေ တန်ချိန် ၂၅ သန်းနီးပါး တင်ပို့နိုင်ခြင်း မရှိသေးတာကြောင့် ကမ္ဘာ့စားနပ်ရိက္ခာ ဈေးနှုန်းတွေလည်း မြင့်တက်လာရပါတယ်။ ဒီစစ်ပွဲကြောင့် အီဂျစ်ရဲ့ မဟာဗျူဟာမြောက် အရန်စားနပ်ရိက္ခာ […]

Most Read

2024-09-20 09:49:09