Breaking News >> News >> Democratic Voice of Burma


ဘရာဇီးတွင် မူးယစ်မှောင်ခိုဂိုဏ်းနှင့် ရဲတပ်ဖွဲ့ ပစ်ခတ်မှုဖြစ်ပြီး ၂၁ ဦးသေဆုံး


Link [2022-05-25 10:53:54]



ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုမြို့ မြောက်ပိုင်းက ဆင်းရဲသားရပ်ကွက်ထဲမှာ ရဲတွေက မူးယစ်ကုန်ကူးတဲ့ အဖွဲ့အစည်း ခေါင်းဆောင်တွေကို မေ ၂၄ ရက်က ဝင်ရောက်စီးနင်းလို့ လူ ၂၁ ယောက် အသေပစ်သတ်ခံရပါတယ်။ ဗီလာ ခရူဇေးရို ဖာဗေလာ ဆင်းရဲသားရပ်ကွက်ထဲမှာ မူးယစ်မှောင်ခို ဂိုဏ်းဝင်တွေနဲ့ ရဲတွေ အပြန်အလှန် ပစ်ခတ်ကြရင်း သေဆုံးသူတွေထဲမှာ အမျိုးသမီးတယောက်လည်း ပါပါတယ်။ တခြားသေဆုံးသူတွေကတော့ စစ်ဆင်ရေးကို ခုခံရင်း ရဲတွေကို အော်တိုမက်တစ် လက်နက်တွေနဲ့ ပစ်ခတ်ခဲ့တဲ့ ဂိုဏ်းဝင်လို့ သံသယရှိသူတွေလို့ ရဲတွေက ပြောပါတယ်။ ဗီလာခရူဇေးရို ရပ်ကွက်နားက သစ်တောထူတဲ့ ဒေသထဲမှာ မနက် ၄ နာရီက စပြီး အကြီးအကျယ် ပစ်ခတ်နေလို့ ဆင်းရဲသားရပ်ကွက်ထဲမှာ ကြောက်လန့် ချောက်ချားခဲ့ကြတယ်လို့ ဒေသခံတွေက လူမှုကွန်ရက်တွေပေါ်ကနေ ပြောခဲ့ပါတယ်။ […]

Most Read

2024-09-20 09:38:26