Breaking News >> News >> Democratic Voice of Burma


တရုတ်-မြန်မာလမ်းကြောင်းသစ် ချုံချင့်-လန်ချန်း-မြန်မာ အထူးရထား စတင်ပြေးဆွဲ


Link [2022-05-25 10:53:54]



တရုတ်-မြန်မာ လမ်းကြောင်းသစ်ဖြစ်တဲ့  ချုံချင့်-လန်ချန်း-မြန်မာ အထူးရထားကို တရားဝင်စတင်ပြေးဆွဲနေပြီလို့  မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဌာနနဲ့ တရုတ်သံရုံးတို့က  သတင်းထုတ်ပါတယ်။ နိုင်ငံတကာအထူးရထား တရားဝင်စတင်ပြေးဆွဲတာကို မေလ ၂၃ ရက်က တရုတ်နိုင်ငံချုံချင့်မြို့ ရှိ ကော်ယွမ်ဆိပ်ကမ်းမှာ အခမ်းအနားနဲ့ ကျင်းပခဲ့တာဖြစ်ပြီး နှစ်နိုင်ငံတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဆိုပါ ရထားဟာ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ၊ ချုံချင့်မြို့အကြား ပထမဦးဆုံးစတင်ပြေးဆွဲမယ့် မီးရထား-ကားလမ်း ပေါင်းစပ်လမ်းကြောင်းသစ်ဖြစ်ပါတယ်။ ရထားပေါ်တွဲတွေပေါ်မှာတော့  နေစွမ်းအင်သုံးစက်ကိရိယာတွေနဲ့ တခြားဆက်စပ်ပစ္စည်းတွေ၊  အီလက်ထရောနစ်အပိုပစ္စည်းတွေ၊ ကားနဲ့ ဆိုင်ကယ်အပိုပစ္စည်းစတာတွေကို  ကွန်တိန်နာပေါင်း အလုံး ၆၀ သယ်ဆောင်လာတယ်လို့ တရုတ်သံရုံးကလည်း ထုတ်ပြန်ပါတယ်။ အဆိုပါပစ္စည်းတွေကို ချုံချင့်မြို့မှ လန်ချန်းနယ်စပ်မြို့အထိ ရထားနဲ့ သယ်ဆောင်မှာဖြစ်ပြီး ဒီနောက် ချင်းရွှေဟော်မှတဆင့် မန္တလေးမြို့သို့ ကုန်တင်ယာဉ်တွေနဲ့ ဆက်လက် ပို့ဆောင်မှာဖြစ်ကာ ၁၅ ရက်လောက်အကြာမှာ  […]

Most Read

2024-09-20 09:44:35